ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့်  အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တကူပတီ(အ.မ.က)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန ဦးစီးအရာရှိဒေါ်မိသူဇာက စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းနှင့်စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိရှိလိုသည်များကို  ပြန်လည်ဖြေကြားပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)