ဟိုပုံး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့၊ အသား၊ ဟင်းသီးဟင်း ရွက်နှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ဟိုပုံးတပ်နယ် ကွပ်ကဲမှုအောက်ရှိ ကျောင်း၊ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများက နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကို ရှေးရှု၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသအဆင့်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ကြက်ဥ၊ နွားနို့၊ ဒိန်ချဉ်၊ ဝက်သား၊ ကြက်သား၊ စားသောက်ကုန်ပစ္စည်းများ၊ တပ်မတော်စက်ရုံ ထုတ်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြန့်ဖြူးရောင်းချပေးနေမှုအား ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)