ကျောက်ဆည်မြို့နယ်တွင် စားဖိုဆောင်သုံး ခရမ်းသီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇန်နဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြေစိုပါယ်ကျေးရွာတွင်စိုက်ပျိုးထားသော စားဖိုဆောင်သုံး ခရမ်းသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက ရေသွင်းရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် ()ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ်ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင် မြေဆွ၍ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့ အခါ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့အခါ နေ့စဉ်/ တစ်ရက်ခြား ရောင်းချ၍ရကြောင်း၊ ရောင်းချချိန်ကာလကြာမြင့်ပြီး ရောင်းဈေးအနေဖြင့် တစ်ပိဿာငွေ ကျပ်(၁၀၀၀)မှ (၁၄၀၀၀)ကျပ်အထိ ရောင်းချရသဖြင့်  ခရမ်းစိုက်ပျိုးရောင်းချသည့် တောင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းစိုက်ပျိုးရောင်းချသည့် တောင်သူများပြောပြ၍ သိရသည်။

ခရမ်းစိုက်ပျိုးရာတွင် အောင်မြင်ပြီး အသေအပျောက်မရှိစေရေး ခရမ်းမျိုးစေ့များအား ပလတ်စတစ် ပျိုးထုပ်များနှင့် ပျိုးထောင်ပြီး ပျိုးပင်သက်()လသားအရွယ်တွင် သန်မာသည့် မျိုးပင်များကို ရွေးချယ်၍  မြေပြင်ထားသည့်စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ ခရမ်းသီးနှံသည် နေ့စဉ်ရက်ခြား ခူးဆွတ် ရောင်းချရသဖြင့် စိုက်ပျိုးသင့်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး