ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ဘီးလင်း ဇန်နဝါရီ ၂၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက လူကုန်းကူးမှုအကြောင်း အသိပညာပေးဟောပြောခြင်း၊ လူကုန်ကူးမခံရအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သုတ၊ ရသစာအုပ်များ အသိပညာပေးနံရံကပ်စားစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)