မိုင်းယု ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့မီးသတ်ဦးစီးမှူး ဦးစိုင်းအွန်ခမ်းက နွေရာသီကာလကူးပြောင်းလာပြီဖြစ်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများ မိမိတို့၏ ကျောင်းနှင့် နေအိမ်များ၌ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့လျှင် အရေးပေါ်မီးငြိမ်းသတ်နိုင်ရန်အတွက် မီးလောင်နိုင်သည့်နည်းလမ်းများ၊ မိမိတို့ပိုင်ဆိုင်သည့် ပစ္စည်းများမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိရေး၊ မီးကို သတိနှင့်အသိဖြင့်သုံးစွဲနိုင်ရေးနှင့် မီးလောင်မှုကြောင့် အသက်အိုးအိမ်များ ဆုံးရှံးခဲ့ရသည့်သာဓကများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြာခဲ့သည်။
ထို့နောက် မတော်တဆဆီမီးလောင်ကျွမ်းခြင်းနှင့် ဂတ်(စ်)မီးဖိုမှ မီးလောင်ကျွမ်းမှုဖြစ်ပေါ်က မီးသတ်ဆေးဘူးဖြင့် စနစ်တကျ မီးငြှိမ်းသတ်နည်းနှင့် ရေစိုအဝတ်စဖြင့် မီးလောင်မှုကို မီးငြိမ်းသတ်နည်းကို မိုင်းယုမြို့ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြသပေးခဲ့ကာ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်သူများက လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်