မိုင်းယောင်း ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် နံနက် ၉ နာရီက အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းကို ဦးဆောင်ပြီး ရှမ်းပြည်နယ်နေ့ ပဒေသာကပွဲကျင်းပနိုင်ရေး၊ မီးခိုးမြူငွေ့ကင်းစင်ရေး၊ ပြည်သူ့စစ်မှုထမ်း၊ ပြည်သူ့လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းလိတိုင်းရင်းသားယဉ်ကျေးမှုကော်မတီဝင်များ၊ လားဟူတိုင်းရင်းသားယဉ်ကျေးမှုကော်မတီဝင်များ၊ အာခါတိုင်းရင်းသား ယဉ်ကျေးမှုကော်မတီဝင်များ၊ လွယ်ပလန်တိုင်းရင်းသား ယဉ်ကျေးမှုကော်မတီဝင်များ၊ မြောင်ဇီးတိုင်းရင်းသား ယဉ်ကျေးမှုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မွန်းလွဲ ၂ နာရီတွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စံပြစိုက်ခင်းများနှင့် စပ်လျဉ်း၍ zoom meeting လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ညနေ ၄ နာရီတွင် ဖြူစင်မိုင်းယောင်းအသင်းရုံး၌ တက္ကသိုလ်ဝန်တန်း အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည့် စာစဉ်စာစောင်များ၊ မေးခွန်းဟောင်းများ၊ ဂျာနယ်များဝယ်ယူနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းခြင်းအား လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)