မိုးနဲမြို့နယ် ဝမ်‌ယေးကျေးရွာ၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော

မိုးနဲ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က နားခံ‌ကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးကျော်အောင်အောင်က မီးခိုးမြူငွေ့အန္တရာယ်ကြောင့် အသက်ရှုလမ်းကြောင်းနှင့် နှလုံးဆိုင်ရာရောဂါများဖြစ်ပွားနိုင်ကြောင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုန်းပျက်စီးစေခြင်းကြောင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဝိုင်းဝန်းစောင့်ရှောက်ကြရေး၊ ရေးသယံဇာတထိန်းသိမ်းရေးတို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောဆွေးနွေးပွဲသို့ မြို့နယ်သစ်တောဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျေးလက်နေပြည်သူများ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန်၊ သစ်တောများပြုန်းတီးမှု မဖြစ်ရေးအတွက် ရွေ့ပြောင်တောင်ယာများ ခုတ်ထွင်ခြင်းမှ ထိန်းသိမ်းမှုရှိလာစေရန်၊ တောင်ယာ/ဥယာဉ်ခြံများ မီးရှို့ရာ၌ မီးတားစနစ်ဖြင့် ဆောင်ရွက်တတ်စေရန်၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးနှင့် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုမှ ကာကွယ်ပေးနိုင်မှုများရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)