လှိုင်သာယာ(အနောက်) ဇန်နဝါရီ ၂၁
၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတွင် အသင်းလိုက် တတိယဆုရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ကျိုင်းစွမ်းရည်ဆုရသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈း၃၀)က လှိုင်သာယာအနောက်ပိုင်း မြို့နယ်အ.ထ.က (၂)မုဒိတာခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အင်းစိန်ခရိုင်ပညာရေးမှူးဦးအောင်ထူး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လှိုင်သာယာမြို့နယ်ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့်ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ကျောင်းသား / ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို ဆုရရှိခဲ့သည့်ဘင်ခရာတပ်ဖွဲ့မှ သံစုံတီးဝိုင်းတီးမှုတ်၍ အခမ်းအနားဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်က ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ခရိုင်ပညာရေးမှူးဦးအောင်ထူးက ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲတတိယဆုနှင့် ကျိုင်းစွမ်းရည်ဒိုင်းဆုများကို အ.ထ.က(၂)ကျောင်းအုပ်ဆရာကြီးအားပေးအပ်ခြင်း၊ ဆုရဘင်ခရာအသင်း၏ပြိုင်ပွဲဝင်အစအဆုံးကို Projector ဖြင့်ပြသခြင်း၊ ကျိုင်းကိုင်ဆုရကျောင်းသား မောင်အောင်မျိုးမင်းနှင့် ဘင်ခရာအသင်းတစ်ဦးချင်းစီဂုဏ်ပြုလွှာများနှင့် ဆုများအသီးသီးပေးအပ်ကြပြီး အ.ထ.က(၂)ကျောင်းအုပ်ဆရာကြီး ဦးမြင့်အောင်ထွန်းမှ ကျေးဇူးတင်စကားပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်ပွဲတွင် အင်းစိန်ခရိုင်နှင့်လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်(၁၈)သိန်းနှင့်အတူ ဂုဏ်ပြုဆုချီးမြှင့်ငွေစုစုပေါင်း ငွေကျပ်(၄၆)သိန်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်သန်း မြို့နယ်ပြန် /ဆက်