မိတ္ထီလာ ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (အောင်ဇေယျာ)တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒေါ်သိမ့်သူဇာမောင်က စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများ ညှိနှိုင်းဖြေရှင်းမှုများ လုပ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူ သုံးစွဲနေသော ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာဖော်ပြရန် တာဝန်ရှိကြောင်း လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သောကုန်စည်များပေါ်တွင် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်နိုင်မည့် ပြစ်မှုပြစ်ဒဏ် များကိုလည်းကောင်း၊ မိမိထုတ်ကုန်များကို ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် အခက်အခဲရှိပါက ဌာနသို့ လာရောက်မေးမြန်းနိုင်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့် အရေးနစ်နာ ဆုံးရှုံးမှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း၊ Consumer Cell Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စားသုံးရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)