မြစ်သား ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၆) နာရီအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက် ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို နေ့စဥ်တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ လစဥ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း အငြိမ်းစားပင်စင်စားများအနေဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများအား မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၄င်းတို့မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)