လဲချား ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က စတင်၍ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မျိုးဦးနှင့် ဝန်ထမ်းများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ နံနက် (၉) နာရီမှ မွန်းလွဲ (၂)နာရီထိ အငြိမ်းစားဝန်ထမ်းသို့ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)