တန့်ယန်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန ခရိုင်ပညာရေးဌာနမှကြီးမှူး၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဥပဒေဘာသာရပ် ဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးကြည်လွင်က ဥပဒေဘာသာရပ် ဆရာဖြစ်သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် ကျေးဇူးတင်စကားကို ပြောကြားသည်။
ယင်းနောက် သင်တန်းတက်ရောက်ခဲ့ကြသော အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)