တန့်ယန်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေကို မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများက လာရောက်ထုတ်ယူနေလျက်ရှိသည်။
အဆိုပါ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ အဆင်ပြေစွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)