မိုင်းပျဉ်းမြို့ အ.မ.ကကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ယနေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အ.မ.က ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာ‌ရေးမှူး ဆရာမကြီး ဒေါ်နန်းဟွမ်နွမ်းတို့က အမှာစကား အသီးသီးပြောကြားကြပြီး၊  အ.မ.ကကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်း‌ရွှေကြည်က ကျောင်းနှင့်ပတ်သက်သော ကိစ္စရပ်များတင်ပြခြင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးပြက္ခဒိန်ပါ ကျောင်းတွင်းထူးချွန်ဆုနှင့် အားကစားဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်‌ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှပ ဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမိသားစု၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ‌ကျောင်းသားမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)