ပင်းတယ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြား၊ သင်ယူမှု၊ ထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲ ဖွင့်လှစ်သင်ကြား

ပင်းတယ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြား၊ သင်ယူမှု၊ ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို အမှတ် (၁) အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါ အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ Grade-5 အတန်းတွင် ပညာသင်ကြားပေးနေသော ဆရာ/ဆရာမ (၆၁၉) ဦး တက်ရောက်ကြပြီး၊ နည်းပြဆရာ/ဆရာမ (၄၀) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်၊ လူမှုရေးဘာသာရပ်၊ ပြည်သူ့နီတိ၊ ကာယ၊ ပန်းချီနှင့်စာရိတ္တ စသည့် Grade-5 သင်ရိုးသစ် ဘာသာရပ်ဆိုင်ရာများကို ဇန်နဝါရီလ (၁၈) ရက်မှယနေ့ထိ စုစုပေါင်း (၄) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)