ဗဟန်းမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ဗဟန်း ဇန်နဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူကုန်ကူးမှုအသိပညာပေးဟောပြောခဲ့ပြီး လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်ကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)