ကျိုက်မရော ဇန်နဝါ ရီ ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဆောင်းသီးနှံနေကြာ (၁၀၅၃)ဧကအား စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ နေကြာစိုက်ခင်းများမှနေကြာပင်များကို ရုရှားသဘာဝမြေသြဇာများပက်ဖြန်း၍ လိုအပ်သောကြားပေါင်းလိုက်ခြင်း၊ အပင်သားခွဲခြင်းများဆောင်ရွက်ပေးလျက်ရှိရာ နေကြာစံပြစိုက်ခင်းများကိုလိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပေါင်းစပ်၍ သက်ဆိုင်ရာဌာနများက ဒေသတွင်းစားနပ်ရိက္ခာ ဆီပိုလျှံရေးအလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
မြို့နယ်(ပြန်/ဆက်)