ဘီးလင်းမြို့ အ.ထ.က(ခွဲ)မုသင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ခွဲ)မုသင် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ခွဲ) မုသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အချင်းချင်း အပြန်အလှန်ဆွေးနွေးတတ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ခွဲ)မုသင်ကျောင်းမှ Grade (11)ကျောင်းသူ မမိုးမိုးခိုင်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး Grade (11) ကျောင်းသား မောင်ညီမင်းထက်၊  မောင်ဖြိုးပိုင်ဝင်း၊ မခိုင်သဇင်ဝင်း၊ ‌မမေမြတ်နိုး၊ မမေဖူးပွင့်ဟန်တို့က ”လူငယ်နှင့်အထက်တန်းစာစိတ်”၊ “လူငယ်နှင့်ရယူခြင်းနှင့်ပေဆပ်ခြင်း”၊ “လူငယ်နှင့်လူမှုဆက်ဆံရေး”၊ “က္ကုန္ဒြေနှင့်ငွေ”၊ “မွေးဖွားခြင်းနှင့်သေဆုံးခြင်း” စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှု လေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ‌ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို  လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)