ချောင်းဆုံ ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တကူပတီ(ခြံ)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်များပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိဒေါ်မိသူဇာက စာဖတ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းနှင့် စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများသိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)