မြစ်သားမြို့ ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရား‌မြောက်ဘက် အုတ်တံတိုင်းတစ်လျှောက်နှင့်‌ ရေနုတ်‌မြောင်းတံတားများတွင် ရေဆိုးထုတ် အုတ်ရေမြောင်းများ တူးဖော်ဆောင်ရွက်

မြစ်သား ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၊ ရှမ်းပွဲရပ်ကွက် ရွှေမု‌ဋ္ဌောဘုရား‌မြောက်ဘက် အုတ်တံတိုင်းတစ်လျှောက်‌နှင့် ရေနုတ်မြောင်းတံတားများတွင် မိုးရာသီကာလအတွင်းရေကြီး၊ ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ် အုတ်‌ရေမြောင်းများ တူးဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ရွှေမုဋ္ဌောဘုရားဂေါပကအဖွဲ့မှဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့ ရွှေမုဠောဘုရား‌မြောက်ဘက် အုတ်တံတိုင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်မှုမရှိခြင်းကြောင့် လမ်းမပေါ်ရေတင်ကာ သွားလာရေးအခက်အခဲဖြစ်နေသဖြင့် ရွှေမုဠောဘုရားဂေါပကအဖွဲ့မှ တာဝန်ယူ၍ ရေဆိုးထုတ် အုတ်ရေမြောင်းများပြုလုပ်ကာ အရှည် (၁၄၁) ပေရှိ၊ အကျယ် (၁) ပေခွဲ၊ အနက် (၁)ပေ နှင့်‌ ဘုရားဝန်းအတွင်း မိုးများချိန် ရေမဝပ်‌စေရန် ရေနုတ်‌မြောင်းတံတား တူးဖော်ဆောင်ရွက်ရာ အရှည် (၁၅) ပေရှိ၊ အကျယ် (၂) ပေခွဲ၊ အနက် (၅) ပေ ရှိ ရေဆိုးထုတ်‌ အုတ်‌ရေမြောင်းများ တူးဖော်ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးပါက မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုများကင်းဝေးပြီး ရေစီးရေလာကောင်းမွန်ကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း ရွှေမုဋ္ဌောဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)