မိုင်းပန် ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်း (ဟိုဖိုင်လုံ)ကျောင်း၌ ယနေ့နံနက် ၁၀ နာရီက နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က ကျောင်းသား/သူများအား ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ လိမ္မာရေးခြားရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသခဲ့သည်။
ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)