ကျောက်ဆည် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာ လယ်ယာမြေနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးနေဝင်း စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာစံပြစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စံပြစိုက်ကွင်းသည် ဒွေးလှကျေးရွာ ကွင်းအမှတ်(၃၃၇)၊ ဦးပိုင်အမှတ် (၁၄၅)တွင် စိုက်ပျိုးထားရှိ ပြီး အကျယ်(၂)ဧကရှိကြောင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ နေကြာမျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးပေထားကြောင်း၊ စိုက်ပျိုးရာတွင် တစ်ဧကသတ်မှတ်အပင်ဦးရေ (၂၉၀၀၀)ပင်ဝင်ဆန့်စေရန် ပင်ကြား၊တန်းကြား (၉)လက်မကျော် စိုက်ပျိုးထားရှိပြီး အပင်ငယ်ချိန်တွင် သားခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ လိုအပ်သည့်မြေဆီများကြွေးခြင်း၊ ရုရှားသဘာဝရွက်ဖျန်း မြေဩဇာများ အသုံးပြုစိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး ဒွေးလှကျေးရွာလယ်ယာမြေနှင့် အထွေထွေသမဝါယမအသင်းလီမိတက် အသင်းသားတောင်သူ (၆၆)ဦးတို့မှ ရေဆင်းစပ်မျိုး(၁) ဆောင်းနေကြာ မျိုး(၂၀၂)ဧက စိုက်ပျိုးထားရှိကြောင်းနှင့် တောင်သူများ စိုက်ပျိုးစရိတ်သက်သာရေး မြို့နယ်သမဝါယမဦးစီးဌာနမှ ငွေကျပ်(၂)သိန်းနှင့်ညီမျှသော နေကြာမျိုးစေ့များသွင်းအားစုများ ပံ့ပိုးပေးထားကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်