ပင်လောင်း ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၉/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း စစ်ရေးပြကွင်း၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ် အရာရှိစစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနေပြည်သူ့စစ်များ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး၊ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၉/၂၀၂၄) သင်တန်းဖွင့်ပွဲတွင် အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေး တပ်သင်တန်းကျောင်းမှ တပ်နယ်မှူး ဗိုလ်မှူးကြီး လေးဇော်ဦးက ဖွင့်ပွဲမိန့်ခွန်းပြောကြားသည်။
ထို့နောက် သင်တန်းခန်းမ၌ တွေ့ဆုံပွဲနှင့် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၉/၂၀၂၄) သင်တန်းသားများနှင့် တွေ့ဆုံအားပေး အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်သည့် အမှတ် (၄) စစ်အခြေခံလေ့ကျင့်ရေးတပ်အတွက် ငွေကျပ်(၁၀)သိန်း၊ သင်တန်းအတွက် ငွေကျပ်(၃၉)သိန်း စုစုပေါင်းငွေကျပ် (၄၉)သိန်းနှင့် အားကစားပစ္စည်းများကို ဝန်ကြီးက ပေးအပ်ပြီး တပ်နယ်မှူး ဗိုလ်မှူးကြီး လေးဇော်ဦးက လက်ခံရယူပေးခဲ့သည်။
ယင်းနောက် ဝန်ကြီးက သင်တန်းသားများအားလိုက်လံနှုတ်ဆက် အားပေးစကားပြောပြီး၊ သင်တန်းသားများ၏ အိပ်ဆောင်၊ ထမင်းစားဆောင်နှင့် ရေချိုးသည့်နေရာများ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသွားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်