ကျိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade – 9 အရည်အသွေးမြှင့် (ခရိုင်ဆင့်) ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် Grade – 9 အရည်အသွေးမြှင့် (ခရိုင်ဆင့်) ဆွေးနွေးပွဲ ကို ဇန်နဝါရီ ၁၈ ရက်နေ့တွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးက အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးနိုင်က အခြေခံပညာအလယ်တန်းဆင့် Grade-9 သင်ကြား၊ သင်ယူမှုလုပ်ငန်းများထိရောက် အောင်မြင်စေရေးအတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျိုင်းတုံခရိုင်အတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ ၁၅၄ ဦး တက်ရောက်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၁ နေ့ရက်ထိ ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)