ရန်ကုန် ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ စော်ဘွားကြီးကုန်း ပွဲရုံဝင်းအတွင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝင်းအတွင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက တာဝန်ခံများ၊ ဈေးသူ၊ ဈေးသားများနှင့် ပွဲရုံဝင်းအကျိုးတော်ဆောင်အဖွဲ့များအား ဂတ်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား Bar ပိတ်၍ လက်တွေ့ သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အောက်စီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်နှင့် မီးသတ်ဆေးဘူးအား အသုံးပြု၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း မီးလောင်မှုအား ဖုံးအုပ်ငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)