ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း(Women Club)တို့ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာခင်စန်းမော် ရေးသားသော "ပညာရှင်စိတ်ထား" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းသည် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူအချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူအမျိုးသမီးအသင်း(Women Club)အသင်းအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်မေမြတ်ဦးခင်၊ ဒေါ်နီနီလွင်၊ ဒေါ်သက်မှူးခိုင်တို့က စာရေးဆရာမ ‌ဒေါက်တာခင်စန်းမော် ရေးသားသော "ပညာရှင်စိတ်ထား" စာအုပ်တွင်ပါရှိသော  ခေါင်းစဉ်များအနက်မှ မိမိတို့ကြိုက်နှစ်သက်ရာ တစ်ခုချင်းအလိုက် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများအပြင် အသိပညာပေးပြပွဲများ၊ ပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ အသိပညာပေးဟောပြောပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)