တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် ကြက်များအစား နိုင်ငံတော်မှ ကြက်များ ပြန်လည်ပေးအပ်

တပ်ကုန်း ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကံကြီးကျေးရွာအုပ်စုတွင် ဒေသကြက်အချို့  ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် ကြက်များအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပိုင်ရှင်များထံ  ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးထိုက်နှင့် တာဝန်ရှိသူများက ကံကြီးကျေးရွာအုပ်စုတွင် ဆုံးရှုံးခဲ့သည့် ဒေသကြက်ပိုင်ရှင် ၂၆ ဦးအတွက် ကြက်ကောင်ရေ ၃၈၅၇ ကောင်အား ပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်