အမရပူရ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဘက်စုံခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ၁၁/ ၂၀၂၄ ဆေးဝါးသိပ္ပံပညာ ပထမနှစ်မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဂုဏ်ယူဝင့်ကြွားတို့ဆေးဝါး သီချင်းဖြင့်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးက ဝန်ကြီးချုပ်ကိုယ်စား အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆေးဝါးတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းမေစောက ကြိုဆိုမိတ်ဆက်စကားပြောကြားသည်။
ယင်းနောက် စတုတ္ထနှစ်ကျောင်းသူ မသဲမြတ်ရွှေကကြိုဆိုစကားပြောကြားခဲ့ပြီး ပထမနှစ် ကျောင်းသူ မဇင်လှိုင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းသရုပ်ဖော်များ၊ တပင်တိုင်အက၊ တိုင်းရင်းသားရိုးရာအကများ၊ Traditional Show များ ကပြဖျော်ဖြေပြီး ပထမပိုင်းအစီအစဥ်ကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။ ပထမပိုင်းအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဦးသိန်းဌေး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ အမရပူရခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်၊ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယပိုင်းကို မင်္ဂလာပါ သီချင်းဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အငြိမ့် ၊ Group Song၊သီချင်း၊ သရုပ်ဖော်အကများ ဖျော်ဖြေရေးကဏ္ဍ ၂၀ ကျော်ဖြင့် ဧည့်ခံခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)