ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အမရပူရ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် (အမျိုးသား၊ အမျိုးသမီး) စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ (အမျိုးသား၊ အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲ၊ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် (အမျိုးသား၊ အမျိုးသမီး) ရေကူးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် ဒုတိယ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အမရပူရမြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်း၊  အားကစားနှင့်ကာယပညာဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်း၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။

ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲစဉ်တွင် အားကစားပညာအသင်းနှင့် ဥပဒေပညာအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားပညာအသင်းက သုံးပွဲ၊ တစ်ပွဲဖြင့် အနိုင်ရရှိပြီး၊ (အမျိုးသား) ဗိုလ်လုပွဲစဉ်တွင် ဘူမိဗေဒအသင်းနှင့် အားကစားပညာအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ   ဘူမိဗေဒအသင်းက သုံးပွဲ၊ နှစ်ပွဲဖြင့် အနိုင်ရရှိသည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပါမာက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့က  ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းဆုများ၊ အကောင်းဆုံးအားကစားသမားဆုများ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)