ပင်လုံ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ကျောင်းသား/ ကျောင်းသူလေးများက “စုံညီပွဲတော်ဒို့နွဲပျော်” သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးမှ ပညာရေးနှင့်ပတ်သတ်သော အဖွင့်အမှာစကားပြောကြားခြင်း၊ ပင်လုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးလောယုံမှ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ချက်များကို ရှင်းလင်း၍ ဆရာ/ဆရာမများအား အားမာန်ဆုများ ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်၍ ပညာရည်ချွန်ဆု၊ ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းတက်အမှန်ဆုံးဆုရ ဆရာ/ဆရာမများအား တက်ရောက်လာကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပအိုဝ်းစာပေ၊ ရှမ်းစာပေယဥ်ကျေးမှူးကော်မတီများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးများ၊ အငြိမ်းစားကျောင်းအုပ်ဆရာမကြီးများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီးနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် အသီးသီး ကပြဖျော်ဖြေခဲ့ကြပြီး ကျောင်းသား/ကျောင်းသူလေးများ၏ “ဘက်စုံပညာကိုရည် တို့လှမ်းချီ”သီချင်းဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ပြီး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)