မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဥပဒေအခြေခံပညာအကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မိုင်းပန် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ဥပဒေအရာရှိ၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဥပဒေအခြေခံပညာအကြောင်း အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်သူက လူကုန်ကူးမှုဆိုင်ရာ၊ ခိုးမှုဆိုင်ရာ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အရေးယူနိုင်မည့် အသက်အပိုင်းအခြား၊ ပစ်မှုပစ်ဒဏ်အမျိုးအစားများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/သူများမှ မိမိထပ်မံသိရှိလိုသည့် ပစ်မှုပစ်ဒဏ်များအကြောင်း ဆက်လက်မေးမြန်းရာ မြို့နယ်ဥပဒေအရာရှိက ပြန်လည်ဖြေကြားပေးခဲ့ပြီး လူထုခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)