ပင်းတယမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ပင်းတယ ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၉ နာရီက Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်အတွဲ(၂၂)၊ အမှတ်(၂)၊ စာမျက်နှာ (၁၀)မှ စာရေးဆရာမောင်မောင်မြင့်သိန်းရေးသားသည့် “လူငယ်နှင့်နေ့စဉ်မှတ်တမ်း(ဒိုင်ယာရီ)ရေးသားခြင်းအလေ့အကျင့်” ဆောင်းပါးအား ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်သူဇာအေးနှင့် ဦးရှိုင်းဟိန်းကျော်တို့က အဆိုပါဆောင်းပါးပါအကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက အဆိုပါဆောင်းပါးမှ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)