သံဖြူဇရပ် ဇန်နဝါရီ ၁၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် (သံဖြူဇရပ် နှစ်-၁၅၀) ပြည့်ပွဲတော် ကျင်းပရေးရန်ပုံငွေ စာရင်းရှင်းလင်းချပြခြင်းနှင့် လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သံဖြူဇရပ် နှစ် (၁၅၀) ပြည့်ပွဲတော်ကျင်းပရေး ရန်ပုံငွေများသုံးစွဲမှု စာရင်းများအားချပြရှင်းလင်းပြီး၊ ရန်ပုံငွေမှ အသုံးစရိတ်ပိုလျံငွေများကို လှူဒါန်းမှုပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လှူဒါန်းပွဲပြုလုပ်ရာ သံဖြူဇရပ်မြို့နယ် သာသနာ့ဗိမာန်တည်ဆောက်နိုင်ရေး အတွက် ကျပ်သိန်း (၅၅၀)၊ သံဖြူဇရပ်မြို့နယ်ဘိုးဘွားရိပ်သာသို့ ဆေးပဒေသာပင်လှူဒါန်းငွေကျပ် (၁၀)၊ သံဖြူဇရပ်မြို့ ရေပေးဝေရေးအသင်းအား လှူဒါန်းငွေကျပ်(၁၀)၊ အ.ထ.က(၁) ဘက်စုံအသုံးပြုနိုင်ရန်အတွက် အလှူငွေ ကျပ်(၁၀)၊ သံဖြူဇရပ် နှစ်(၁၅၀) ပြည့် ကျင်းပခဲ့မှု မှတ်တမ်းစာအုပ်ထုတ်ဝေနိုင်ရေး ကျပ်သိန်း(၂၀)၊ စုစုပေါင်း ကျပ်သိန်း(၆၀၀) အားပေးအပ် လှူဒါန်းခဲ့ရာ အဆိုပါအခမ်းအနားသို့၊ မြို့နယ်အတွင်းရှိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)