မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ

မိုင်းခတ် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများလူငယ်အသင်း (Youth Club)မှ စာ‌ရေးဆရာ စေတနာလှိုင်၏‌ "ရွှေစည်းကမ်းနှင့်ရွှေနည်းလမ်းများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အ‌ကြောင်း ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်း ပြောကြားကာ တက်ရောက်လာကြသော Youth Club မှ အဖွဲ့ဝင်များက စာရေးဆရာစေတနာလှိုင်(ရေစကြို)၏ “ရွှေစည်းကမ်းနှင့် ရွှေနည်းလမ်းများ”စာအုပ်မှ “လူငယ်တွေ စာများများဖတ်ပါ၊ ကျောင်းသားတစ်ယောက်အတွက် အလေ့အကျင့်ကောင်းများ”ခေါင်းစဉ်ပါ စာပိုဒ်များအား ဖတ်ကြားဆွေးနွေးရာ အဖွဲ့ဝင်များက စာပေဖတ်ရှုခြင်းအကြောင်းများအား အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)