ဘီးလင်းမြို့၊ (မူလွန်) ဇုတ်သုတ်ရွာမကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဘီးလင်း ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇုတ်သုတ်ကျေးရွာ (မူလွန်) ဇုတ်သုတ်ရွာမကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးတို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ မူးယစ်‌ဆေးဝါးအန္တရာယ်သတိပြုကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုများ ကျဆင်းပပျောက်ရေး စသည့်အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)