လဲချားမြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ပုံပြင်ပြောခြင်းနှင့် ကဗျာရွတ်ခြင်း လှုပ်ရှားမှုများ ဆောင်ရွက်ပေး

လဲချား ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်​တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ကလေးစာဖတ်ခန်းတွင် ကလေးလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ကလေးစာကြည့်တိုက်အပေါ် စိတ်ပါဝင်စားလာစေရန်၊ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန် ကလေးစာဖတ်ခန်း Activities ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးစာဖတ်ခန်း Activities တွင် ဒုတိယဦးစီးမှူး ဒေါ်ဟေမွန်ဦးက ကလေးများအား ပုံပြင်ပြောပြစေခြင်း၊ ကဗျာများ ဖတ်ပြစေခြင်းများအပြင် ပုံပြင်များ၏ အနှစ်သာရ ရည်ရွယ်ချက်များ မေးမြန်းခဲ့ရာ ကလေးငယ်များမှ ​ပျော်ရွှင်၍ စိတ်ပါဝင်စားစွာ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 မြို့နယ် (ပြန်/ဆက်)