ရန်ကင်း ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ကြွယ်၀လာစေရန် ၊လူငယ်များအနေဖြင့် မိမိတို့လျှောက်လှမ်းရမည့် အနာဂတ်တွင် ဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန် ရဲရဲဝံ့ဝံ့ပြောဆိုဆောင်ရွက်နိုင်ကြစေရန်၊ အမြင်ကျယ်လာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူကုန်ကူးမှုအန္တရာယ်များမှ ရှောင်ရှားနိုင်ကြစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရခြင်းကြောင်း သတင်းရရှိသည်။
ရဲလေး (ပြန်/ဆက်)