သံဖြူဇရပ် ဇန်နဝါရီ ၁၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နိုင်ငံတော်မှပေးအပ်သော အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ငွေများပေးအပ်ခြင်းကို ဇန်နဝါရီ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဥ်နံနက်ပိုင်းမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိသည်။
နိုင်ငံတော်မှ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွက် လူမှုရေးပင်စင် ငွေပေးအပ်ခြင်းဖြစ်ပြီး သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်ကျေးရွာ (၄၁) အုပ်စုမှ သက်ကြီးဘိုးဘွား (၆၂၈) ဦးအား တစ်ဦးလျှင် ကိုးသောင်းကျပ်နှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)