ကျိုင်းတောင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတောင်း ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ဝိန်းကောင်)၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဉီးစိုင်းသီဟထွန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ဗဟုသုတများရရှိစေရန် ယခုကဲ့သို့ဟောပြောပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များ အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်မျာင်းနှင့် လူငယ်ဆိုင်ရာ အသိပညာပေးနံရံကပ်ဓာတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)