အ.ထ.က (ဘီးလင်း) ကျောင်း၌ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်း လုပ်ငန်း အစီအစဉ်များဆောင်ရွက်

ဘီးလင်း ဇန်နဝါရီ ၁၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အ.ထ.က (ဘီးလင်း) ကျောင်းတွင် ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအိအိကျော်ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.က (ဘီးလင်း) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူတို့အား တီဘီရောဂါသတိပြုကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျောင်းအခြေပြု တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါစစ်ဆေးပေးခြင်းကို ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၃၉) ကျောင်းတို့၌ လိုက်လံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)