မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်အတွင်းရှိ ရွှေသူဌေး အ.မ.ကကျောင်း၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေး

မြစ်သား  ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်အတွင်းရှိ ရွှေသူဌေး အ.မ.ကကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယမန်နေ့မွန်းလွဲပိုင်းက နယ်လှည့်ကွင်းဆင်း ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းမှ ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများကို တကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့်ဆောင်းရာသီတွင် အဓိကဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကို ကုသပေးခြင်း တိုင်းရင်းဆေး သောက်ဆေး၊ လိမ်းဆေးပေးခြင်းများကို ကုသပေးခဲ့သည်။

မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းကုသပေးစနစ်ဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများနှင့်ကျေးရွာအတွင်းရှိ စာသင်ကျောင်းများကိုလည်း သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းထံမှ သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)