ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံအရှေ့  ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန့်ဇော်က ဌာနဆိုင်များ၊ ကျောင်းများပုံမှန်သန့်ရှင်းရေးဆောင်ရွက်ရန်၊ စစ်ဘေးရှောင်နှင့်ပတ်သက်၍ အဝင်များရှိပါကတင်ပြကြရန်၊ မသင်္ကာဖွယ်ရာများတွေ့ရှိပါက သတင်းပေးပို့ရန်၊ ဌာနဆိုင်ရာများအနေဖြင့် ထူးခြားဖြစ်စဥ်များကို တင်ပြကြရန်၊ ဌာနဆိုင်ရာရုံးများအနေဖြင့် CCTV များ ကောင်းမွန်အောင်ဆောင်ရွက်ထားရှိရန်၊ ပွင့်လင်းရာသီရောက်ပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်အထူးဂရုစိုက်ရန်၊ လုံခြုံရေးနှင့်ရုံးပိုင်းဆိုင်ရာလုံခြုံရေးကို မပေါ့ဆဘဲအထူးဂရုပြုဆောင်ရွက်ကြရန် အစရှိသည်များကို ဆွေးနွေးပြောကြားပြီး ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ်(၁၁း၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

အေးမဉ္ဇူ