ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၁၅

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ပီတိ (ပေကြီး) ရေးသားသည့် “အောင်မြင်သောလူငယ်” အကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်ကျောင်းသား၊ ကျောင်းသူများက ယခုစာအုပ်တွင် စာရေးဆရာသည် အကြောင်းအမျိုးမျိုးဖြင့် ဆင်းရဲဒုက္ခတွေ့နေရသူများအတွက် အောင်မြင်သောလူငယ်များ ဖြစ်လာစေရန် ဥပမာများဖြင့်ဖော်ပြထားခြင်း၊ ဆင်ခြေအမျိုးမျိုး၊ အကြောင်းပြချက်အမျိုးမျိုး မပြုလုပ်ပဲ လုံ့လ၊ ဝီရိယနဲ့ရှိစွာ စီမံခန့်ခွဲမှုများဖြင့် ကြိုးစားပါက အောင်မြင်မှုရရှိနိုင်ကြောင်းတို့ကို လူငယ်များအတုယူနိုင်ရန် ရေးသားထားသည့် စာအုပ်ဖြစ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)