ခိုလမ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (ဝမ်ဖွီး)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ခိုလမ်မြို့ရှေ့တန်းရုံးတာဝန်ခံ ဒေါ်ကေသီအေးမှ နိုင်ငံသားကတ် ကွင်းဆင်းဆောင်ရွက်ပေးခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းနိုင်ငံသားကတ်ပြားပြုလုပ်ပေးရာ အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် ပညာသင်ကြားနေသော အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူ များအား ကွင်းဆင်းနိုင်ငံသားကတ်ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၁) ကတ်အား ခိုလမ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မင်းသီဟကျော်နှင့် တာဝန်ရှိသူများမှ မူလွန်(ဝမ်ဖွီး) ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)