မိုင်းဖြတ်မြို့နယ်၌ လူငယ်​ရေးရာအသိပညာ​ပေး​​ဟော​ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်​ရေးရာအသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများ ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က အသိပညာ​ပေး​ဟော​ပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ​ကျောင်းသား၊ ​ကျောင်းသူများအ​နေဖြင့် ဗလငါးတန်နှင့်ပြည့်စုံ​စေ​ရေး၊ ယ​နေ့​ခေတ်လူငယ်များသည်  နိုင်ငံ့တာဝန်များကို လက်ဆင့်ကမ်းထမ်း​ဆောင်ကြမည့် အနာဂတ်ကြယ်ပွင့်များဖြစ်ကြပုံများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် စာကြည့်တိုက်လက်​ထောက်-၃ ​ဒေါ်နန်း​ကောင်ခမ်းက စာဖတ်ခြင်း၏ အကျိုး​ကျေးဇူးများနှင့် ​ကျောင်းစာအပြင် ပြင်ပဗဟုသုတစာ​ပေများကို ​​လေ့လာဖတ်ရှု​​စေ​ရေး၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာ​ပေများကို ​နေ့စဥ်(အခမဲ့)ငှားရမ်း​ပေး​နေသည့်အခြေအ​နေများကို ရှင်းလင်း​ပြောကြားခဲ့​သည်။ 

ဆက်လက်၍  ​​ဟော​ပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာ​စောင်များ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ​ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြ​ကြောင်း သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)