မိုင်းဖုန်းဆရာတော်ဘုရားကြီး မိုးနဲမြို့ ရှေးဟောင်းသမိုင်းဝင် မြောက်နှစ်ကျိပ်ရှစ်ဆူ ဘုရားရင်ပြင်၌ တရားဒေသနာတော်များ ဟောကြား

မိုးနဲ ဇန်နဝါရီ ၁၄

ရှင်အရညဝါသီ ဘဒ္ဒန္တဉာဏသံဝရ၊ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော်ဘုရားကြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်သို့ ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က ကြွရောက်လာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက အိုးစည်ဗုံမောင်းများဖြင့် တီးမှုတ်ကြိုဆို ဖူးမြော်ကန်တော့ကြကြောင်း သိရသည်။

ထို့နောက် နာဟောင်ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် မြောက်နှစ်ကျိပ်ရှစ်ဆူဘုရားရင်ပြင်ရှိ တရားဟောကျောင်းဆောင်တွင် တရားဒေသနာတော်များကို ဟောကြားတော်မူခဲ့ရာ ရပ်နီး/ရပ်ဝေးမှ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာ‌တော်နှင့် သာမ‌ဏေများ၊ မိုးနဲမြို့နယ်တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀၀ ဦးခန့် လာရောက်ဖူးမျှော်၍ ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရား‌ဒေသနာတော်များကို နာယူခဲ့ကြပြီး ဆရာတော်ဘုရားကြီးနှင့်အတူ မေတ္တာပို့ ဆုတောင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)