ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းဌားရမ်းပေး

ခိုလမ် ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက်  (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက်  စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်း ပေးခဲ့သည်။

ထိုသို့ စာအုပ်၊စာစောင်များကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်နှင့် ဝန်ထမ်းများမှ အသစ်ရောက်ရှိလာသော စာအုပ်/စာစောင်များကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ သုတ၊ရသ စာအုပ်/စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 နေလင်းထွန်း(ပြန်/ဆက်)