ကျောက်တန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

ကျောက်တန်း ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အရည်အသွေးမြှင့်ဆွေးနွေးပွဲကို အမှတ် ၂ အခြေခံပညာအထက်တန်းကျာင်း (သော်က)၊ သော်ကရတနာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို အခြေခံပညာမူလတန်းဆင့် Grade - 5 နှင့် အခြေခံပညာအလယ်တန်းဆင့် Grade - 9 သင်ကြားသင်ယူမှု အရည်အသွေး ပိုမိုထိရောက်စေရန်အတွက် ဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ပြီး မြို့နယ်အဆင့် အရည်အသွေးမြှင့်ဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့၊ ၁၈ ရက်နေ့၊ ၁၉ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)