စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (GAqp) သင်တန်းဖွင့်ပွဲကျင်းပ

သုံးခွ ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွ​မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (GAqp) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ သန်လျင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒေါ်နွေးနွေးမြင့်သိန်းမှ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော ငါးမျိုးစိုက်ထည့်ခြင်းနှင့် အသိပညာပေးအတတ်ပညာပေးသင်တန်းများကို နှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းဆရာမများအနေဖြင့် ကဏ္ဍအလိုက်လုပ်ငန်းခွင်တွင် ကျွမ်းကျင်သော အရာထမ်းများဖြစ်သည့်အတွက် သင်တန်းပို့ချရာတွင် လက်တွေ့အကောင်ထည်ဖော်ဆောင်ရွက်နိုင်မည့် သင်တန်းများကို ပို့ချခြင်းကြောင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြုသည့်အခါ များစွာအကျိုးရှိမှသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကား‌ပြောကြားခဲ့ကြောင်း သိရသည်။

ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (GAqp) သင်တန်းကို သင်းတန်းဆရာမ (၂) ဦးက ပရိုဂျတ်တာဖြင့် သင်းတန်းသား သင်တန်းသူ (၃၀) ဦးအား သုံးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)