စဉ့်ကိုင် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြသခြင်းများကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်က ဈေးသူ/ သားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေး ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးသူ/သားများနှင့်အတူ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခဲ့ပြီး ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)